Tanintharyi Gallery ၃ နှစ်ပြည့် အထိမ်းအမှတ် ထားဝယ်တေးကဗျာ ရွတ်ဆို ပြိုင်ပွဲ

December 16, 2025,

Tanintharyi Gallery

🧿 ရည်ရွယ်ချက်

ထားဝယ်သူ၊ သားတို့၏ အမှတ်သရုပ်လက္ခဏာနှင့် ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့များကို သက်ဆိုင်ရာဒေသခံများ၏ ပါ၀င်မှုဖြင့် မှတ်တမ်းတင်နိုင်ရန်၊ ဖော်ထုတ်နိုင်ရန်၊ အများပြည်သူသိရှိ လက်ဆင့်ကမ်းနိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။

🔹ပြိုင်ပွဲ၀င်ရမည့် ပုံစံ

Tanintharyi Gallery မှာ ဖော်ပြထားသည့် ထားဝယ်တေးကဗျာများကို ရွတ်ဆိုထားသည့် ဗီဒီယိုများကို ပေးပို့ပြီး ယှဉ်ပြိုင်ရမည်။

၁။ ပြိုင်ပွဲ အစီအစဥ်

ပြိုင်ပွဲ၀င်မည့်သူသည် ပြိုင်ပွဲဗီဒီယို မပေးပို့မီ အောက်ပါ အချက်အလက်များကို ဒီဇင်ဘာလ (၃၁) ရက် နောက်ဆုံးထားပြီး တယ်လီဂရမ် (Telegram) မှတဆင့် ပေးပို့ စာရင်းသွင်းရမည်။

▪️ကဗျာ အမည် –
▪️ပြိုင်ပွဲ၀င် အမည် / အဖွဲ့အမည် –
▪️ဒေသ – . . . . . . . ရွာ၊ . . . . . . . မြို့နယ်၊

၂။ ပြိုင်ပွဲ၀င်မည့် ဗီဒီယို ပေးပို့ခြင်း

ပြိုင်ပွဲ၀င်မည့် ဗီဒီယိုကို သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ဖုန်းဖြင့်ဖြစ်စေ၊ ကင်မရာဖြင့်ဖြစ်စေ ရိုက်ကူးပြီး တယ်လီဂရမ် (Telegram) မှ တဆင့် ပေးပို့နိုင်သည်။

၃။ ပြိုင်ပွဲ၀င် ဗီဒီယို လက်ခံမည့်ရက်

ပြိုင်ပွဲ၀င် ဗီဒီယိုများကို ဇန်နဝါရီလ ၃ ရက်နေ့ နောက်ဆုံးထားပြီး ရိုက်ကူး ပေးပို့နိုင်သည်။

၄။ ပြိုင်ပွဲ၀င် ဗီဒီယိုများ ဖော်ပြမည့် ဇယားစဥ်နှင့် ကာလ

🔹ဖော်ပြမည့် ဇယားစဥ်

ပြိုင်ပွဲ၀င် ဗီဒီယိုများကို ပေးပို့သည့် နေ့ရက် ၊ အချိန်ကို မှတ်တမ်းတင်ထားပြီး အစောဆုံး ပေးပို့သည့်ဖိုင်ကို အစောဆုံး ဖော်ပြသည့်စနစ်ကို ကျင့်သုံးပါမည်။ တနေ့ကို ပြိုင်ပွဲဝင် ဗီဒီယို တခုနှုန်းဖြင့် ပေးပို့လာသည့် အစဉ်အတိုင်း ဖော်ပြပါမည်။ နောက်ဆုံး ပြိုင်ပွဲဝင် ဗီဒီယိုဖော်ပြပြီး (၇) ရက် အကြာမှာ “View” ရေတွက်ပါမည်။

🔹ဖော်ပြမည့် ကာလ

ပြိုင်ပွဲ၀င်ဗီဒီယိုများကို ဇန်နဝါရီလ ၃ ရက်နေ့ စပြီး ဖော်ပြမည်။

🔹ဆုကြေညာသည့်ရက်

ဆုရရှိသူများ စာရင်းကို ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ကြေညာမည်။

🔹ပြိုင်ပွဲ စည်းကမ်း သတ်မှတ်ချက်များ

(၁) ပြိုင်ပွဲ၀င်သည့် ကဗျာသည် Tanintharyi Gallery မှ ဖော်ပြထားသည့် ကဗျာ ဖြစ်ရမည်။ ပိုစ့်တွင် ပူးတွဲဖော်ပြပါရှိသည်။

(၂) ပြိုင်ပွဲ၀င်ရန်အတွက် သီးသန့်ရိုက်ကူးထားသည့် ဗီဒီယို ဖြစ်ရမည်။ တစ်ခြားသော နေရာများတွေဖော်ပြပြီးသော ဗီဒီယို မဖြစ်စေရပါ။

(၃) ပြိုင်ပွဲဝင်တစ်ဦးမှာ ပြိုင်ပွဲဝင်ဗီဒီယို အများဆုံး ၃ ပုဒ်အထိ ယှဉ်ပြိုင်ခွင့်ရှိပါသည်။(၄) မိမိ မူပိုင်ဗီဒီယို ဖြစ်ရမည်။ မူပိုင်ဖြစ်ကြောင်းလည်း ပြိုင်ပွဲ၀င်သူက အတည်ပြုပေးရမည်။ အကယ်၍ မူပိုင်ခွင့်နှင့် ပတ်သက်ပြီး အငြင်းပွားမှု တစုံတရာဖြစ်လျှင် ပြိုင်ပွဲ၀င်သူနှင့်သာ သက်ဆိုင်ပြီး Tanintharyi Gallery က တာ၀န်ယူ ဖြေရှင်းပေးမည် မဟုတ်ပါ။

(၅) ပြိုင်ပွဲ၀င် ဗီဒီယိုကို ရိုက်ကူးရာတွင် တဦးတည်းဖြစ်စေ၊ အစုအဖွဲ့ဖြင့် ဖြစ်စေ ရိုက်ကူး ယှဥ်ပြိုင်နိုင်သည်။

(၆) ဗီဒီယိုများကို ဖုန်း သို့မဟုတ် ကင်မရာဖြင့် ရိုက်ကူးနိုင်သည်။

(၇) ဗီဒီယိုသည် အသံနှင့်ရုပ်ပုံ သင့်တင့်သည့် ကြည်လင်ပြတ်သားမှု ရှိရမည်။

(၈) ပြိုင်ပွဲဝင် ဗီဒီယိုများကို Tanintharyi Gallery ၏ Website နှင့် Youtube တွင် မှတ်တမ်းအဖြစ် သိမ်းဆည်းခွင့်ပြုရမည်။

🔹ဆုရွေးချယ်ခြင်းနှင့် ဆုချီးမြှင့်ငွေ

▪️ဆုရွေးချယ်ခြင်း

“ပရိသတ် အားအပေးဆုံးဆု” အမျိုးအစား တခုကိုသာ “ပထမ” “ဒုတိယ” “တတိယ” “နှစ်သိမ့်ဆု” ဟူ၍ ၄ မျိုးခွဲပြီး ချီးမြှင့်မည်။

ဆုကို ဖေ့စ်ဘုတ်တွင် ပရိသတ်များက သက်ဆိုင်ရာ ပြိုင်ပွဲ၀င် ဗီဒီယိုကိုအားပေးသည့် စုစုပေါင်း “View” အရေအတွက်အပေါ်မူတည်ပြီး တွက်ချက် ချီးမြှင့်ပါမည်။ အဆိုပါ စုစုပေါင်း “View” အရေအတွက်မှအပ အခြားအချက်များဖြစ်သည့် “Reach” “Interactions” “Link Click” တို့ကို ထည့်သွင်း စဥ်းစားမည် မဟုတ်ပါ။

▪️ဆုချီးမြှင့်ငွေ
🥇 ပထမဆု – ကျပ် ၃ သိန်း
🥈 ဒုတိယဆု – ကျပ် ၂ သိန်း
🥉တတိယဆု – ကျပ် ၁ သိန်း
🏅 နှစ်သိမ့်ဆု (၂ ဆု) – ငွေကျပ် ၅ သောင်း

📍 ဆုရရှိသူများကို Tanintharyi Gallery က ထုတ်ဝေထားသည့် တေးကဗျာစာအုပ် ( E-book) ကိုလည်း ချီးမြှင့်မည် ဖြစ်သည်။

🔹ပြိုင်ပွဲ၀င်ရန် ဆက်သွယ်ရမည့် တယ်လီဂရမ် (Telegram)
▪️Telegram No – +959795392664
▪️Telegram Lnk – https://t.me/tgallery23