တနင်္သာရီဒေသ ဒေသိယ တေးကဗျာ စာအုပ်
Tanintharyi Gallery က တနင်္သာရီဒေသ ဒေသိယ တေးကဗျာ စာအုပ်ကို ထုတ်ဝေလိုက်ပြီဖြစ်ပါသည်။ တနင်္သာရီနှင့် ထားဝယ်ဒေသ၏ ရိုးရာ ယဉ်ကျေးမှု ထုံးတမ်း ဓလေ့များ ကို ကဗျာ အသွင် ဖတ်ရပါမည်ဖြစ်ပါသည်။ ကဗျာရေးသူ (၈) ဦး ၏ ကဗျာပေါင်း (၇၈) ပါဝင်သည်။
ကဗျာဖွဲ့ကြသူများမှာ Yun (E-major ၊ ရွှေရီဇော် (တနင်္သာရီ)၊ ကွောန်သား၊ မျိုးဇော်ဦး (ထားဝယ်)၊ နောန်ပိုင်မိုး (ထားဝယ်)၊ ကိုအာသာ၊ နောန်ပြည့်ဝ၊ ဧသင် တို့ဖြစ်ကြသည်။




