ကိုလေးတို့မောင်းမကန်
တနင်္သာရီဒေသအကြောင်းကို အထူးပြုရေးထားတဲ့ သီချင်းတစ်ပုဒ်ကို ဖော်ပြလိုက်ပါတယ်။ သီချင်းက တေးရေး တက္ကသိုလ်တင်ထွဋ် ရေးထားတဲ့ “ ကိုလေးတို့မောင်းမကန် “ ဖြစ်ပါတယ်။
တေးရေး- တက္ကသိုလ်တင်ထွဋ်
[ (ရှုမျှော်လို့မဆုံးပြီ၊ ရေဝေကုန်းတန်းတလျှောက်ဆီ၊ ကျောက်ဆောင်ကျောက်ကမ္ဘားများနဲ့ သောင်ကမ်းသွယ်သွယ်ညီ၊ မိုးပြာနောက်ခံပန်းချီ၊ စိမ်းလဲ့လဲ့မြသားပင်လယ်ဆီ၊ ဝိုင်းစက်ပွတ်ဟန်ပွားတဲ့၊ လှိုင်းကြက်ခွပ်သံများနဲ့၊ သဘာဝရဲ့ရှုခင်းစုံညီ၊ ကိုလေးတို့မောင်းမကန်သောင်ခြေဆီ)၂
(ထင်းရူးတောတန်းပြောမခန်းတဲ့ ကမ်းခြေ တလျှောက်ညီ၊ စီရရီသွယ်တန်းလျက် တဘက်ကမ်းမှာအလီလီ၊ ဖွေးဖွေးလွလွသလဲဖြူဝါနီ)၂
အတန်းကလေးတွေညီ၊ စခန်းမဝေးလေပြီ၊ ဘုတ်ကျွန်းသို့သာမျှော်ပါလို့ရည် ….. (ကိုလေးတို့မောင်းမကန်ဆီ၊ အစဉ်ကြည်နူးစိတ်ဘဝင်မြူးစရာထူးဆန်းလှပါသည်၊ အဏ္ဏဝါရေပြင်တွင်း လှေငယ်တစင်းပိုက်သွင်းကွန်လွှာညီ၊ ဝမ်းစာရေး မအေးရရှာသူတလီ၊ စခန်းသာကလေးပြေးကာတူညီ) ]၂ …. ။
ဒီသီချင်းကို အနုပညာရှင်တွေ များပြားသီဆိုထားတာတွေရပါတယ်။ အဲဒီထဲမှာ လက်လှမ်းမှီသမျှကို တင်ဆက်ပေးလိုက်ပါတယ်။ မူရင်း တိတ်ခွေမျက်နှာဖုံးပုံတွေနဲ့ တေးသီချင်းတွေကို ရှာဖွေပေါင်းစပ်ပြီး ဖော်ပြလိုက်ပါတယ်။
မောင်ကြည်တိုး (Audio) > https://youtu.be/WXVYUxe9GXo
မောင်ကြည်တိုး (MTV) > https://youtu.be/kaGs7YTIKDA
မာမာအေး > https://youtu.be/ICAFMMgQlWI
ကိုင်ဇာ > https://youtu.be/aZzqjlLJ-48
ပိုးအိစံ > https://youtu.be/VMVPgX1JiHk
စိုင်းခမ်းခုံး > https://youtu.be/0B17c5GOgaQ
နှင်းနှင်းကြည်တိုး ( မောင်ကြည်တိုး ရဲ့ သမီး ) > https://youtu.be/OGPIgrh9Z78
တနင်္သာရီဒေသနဲ့ ပက်သက်ပြီး သီဆိုဖော်ကြူးထားတဲ့ သီချင်းတွေရှိရင် Tanintharyi Gallery စာမျက်နှာရဲ့ 𝘾𝙤𝙢𝙢𝙚𝙣𝙩 𝘽𝙤𝙭 မှာ ဝင်ရောက်ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါရစေ။
နောက်ထပ်လည်း Tanintharyi Gallery မှတစ်ဆင့် တနင်္သာရီတိုင်းရဲ့ မှတ်တမ်းမှတ်ရာတွေကို ဆက်လက်ဖော်ပြပါမည်။
* တင်ဆက်ထားတဲ့ ဗွီဒီယို ကတော့ တက္ကသိုလ်တင်ထွဋ် ရေးထားပြီး မောင်ကြည်တိုး သီဆိုထားတဲ့ “ ကိုလေးတို့မောင်းမကန် ” မူရင်း 𝐌𝐮𝐬𝐢𝐜 𝐕𝐢𝐝𝐞𝐨 ဖြစ်ပါတယ်။



