Tanintharyi Gallery Website လက်ဆောင်
၃ နှစ်ပြည့် အမှတ်တရ အဖြစ် Tanintharyi Gallery Website လက်ဆောင်ပေးပါရစေ။
တနင်္သာရီဒေသရဲ့ သမိုင်း၊ အနုပညာ၊ ယဥ်ကျေးမှု၊ လူမှုဘဝနှင့် သက်ဆိုင်တဲ့ မှတ်တမ်းတွေ တစ်နေရာတည်းမှာ ဝင်ရောက်လေ့လာလို့ ရမယ့် နေရာတစ်ခု ဖြစ်လာမည့်လိုလည်း မျှော်လင့်ပါတယ်။
ဒီလိုမျှော်လင့်သလို ဖြစ်လာဖို့က ဒေသသားတွေရဲ့ ပူးပေါင်းမှုနဲ့ သက်ဆိုင်တဲ့ မှတ်တမ်းတွေကို အတူတကွ စုစည်းဖော်ပြနိုင်ဖို့အတွက် ပူးပေါင်းပေးကြဖို့ လိုအပ်လျက် ရှိပါတယ်။
တနင်္သာရီဒေသရဲ့ သမိုင်း၊ အနုပညာ၊ ယဥ်ကျေးမှု၊ လူမှုဘဝနှင့် သက်ဆိုင်တဲ့ မှတ်တမ်းတွေကို ရှာဖွေစုစည်းခြင်း၊ တင်ဆက်ခြင်း၊ မှတ်တမ်းမှတ်ရာတွေကို ထိမ်းသိမ်းခြင်းဖြင့် လူမျိုးစုအသီးသီးရဲ့ အမှတ်သရုပ်လက္ခဏာတွေကို ပိုမိုရုပ်လုံးဖော်နိုင်ဖို့နဲ့ တစ်နေရာတည်းတွင် စုစည်းဖော်ပြ မှတ်တမ်းတင်ထားနိုင်ဖို့အတွက် Website ပြုလုပ်ခြင်း ဖြစ်ပါတယ်။
Tanintharyi Gallery အကြောင်း၊ အကောင်ထည်ဖော်နေတဲ့ အစီစဉ်တွေနဲ့ တနင်္သာရီဒေသရဲ့ မှတ်တမ်း မှတ်ရာတွေကို လေ့လာနိုင်ပါတယ်။ မှတ်တမ်း မှတ်ရာတွေထဲမှာ Tanintharyi Gallery က ကိုယ်တိုင်ပြုစုထားတဲ့ မှတ်တမ်းတွေရှိသလို ပြန်လည်ဖော်ပြထားတဲ့ မှတ်တမ်း တွေလည်း ရှိပါတယ်။ ထိုမှတ်တမ်းတွေအတွက် ခွင့်ပြုချက် ရရှိဖို့အတွက်လည်း ကြိုးစားနေဆဲ ဖြစ်ပါတယ်။
Tanintharyi Gallery ၃ နှစ်ပြည့်အမှတ်တရ ဒေသသူ/သားများအတွက် လက်ဆောင် Website ( www.tgallery.org )ထဲကို ဝင်ရောက်လေ့လာကြည့်ကြပါ။ ပိုမိုပြည့်စုံလာဖို့အတွက် ပူးပေါင်းပေးကြပါ။
ချစ်ခြင်းအားဖြင့်
Tanintharyi Gallery




