တမ်းတမ်းတတအလွမ်း
ဒီတစ်ပတ် “အတူယှဉ်တွဲယှက်နွယ် ဒီဂျစ်တယ်ရပ်ဝန်းမှာရင်ဖွင့်မယ်” အစီအစဉ်မှာ ကိုသဲ့ပီကတော့ ကိုယ့်အိမ်နဲ့ ကိုယ့်ဒေသအငွေ့အသက်တွေကို အသေးစိတ်လွမ်းဆွတ်တမ်းတထားတဲ့ ကဗျာတွေကို ရေးဖွဲ့ခဲ့ပြီး လွင်က တင်ဆက်ပေးထားပါတယ်။ ဒီကဗျာလေးတွေကို ခံစားနားဆင်ပြီး ကိုသဲ့ပီလိုပဲ ခံစားခဲ့ရသလားဆိုတာကိုလည်း ဒီအောက်ကကောမန့်မှာ ရင်ဖွင့်သွားလို့ရပါတယ်နော်။
“တမ်းတမ်းတတအလွမ်း” ဆိုတဲ့ခေါင်းစဉ်အောက်မှာ တနင်္သာရီတိုင်းက လူငယ်တချို့ဟာ သူတို့ရဲ့အိမ်၊ ပတ်ဝန်းကျင်၊ ရိုးရာယဉ်ကျေးမှုအငွေ့အသက်တွေအကြောင်းကို လွမ်းမောဖွယ်ဖြစ်အောင် ရင်ဖွင့်ခဲ့ကြတာပါ။ ဘက်ပေါင်းစုံမှ ကြပ်တည်းခက်ခဲနေတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတဲ့ တနင်္သာရီတိုင်းအတွင်းမှ လူငယ်များဟာ သူတို့ ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကုစားမှုများအတွက် လုံခြုံ စိတ်ချရတဲ့ ဒီဂျစ်တယ်ရပ်ဝန်းတစ်ခုကို ဖန်တီးပုံဖော်ခဲ့ပါတယ်။
အဲဒီ့ ဒီဂျစ်တယ်ရပ်ဝန်းကနေဆင့် လွတ်လပ်ပွင့်လင်းတဲ့ဆွေးနွေးမှုတွေနဲ့အတူ သူတိုရဲ့ ကြံ့ကြံ့ခံနိုင်မှုနဲ့ ကုစားမှုများ၏ သရုပ် အဖြစ် တီထွင်ဖန်တီးမှုနဲ့ အနုပညာလက်ရာတွေကို ဖွင့်ဟ တင်ဆက် ဖိတ်ခေါဖို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒီ “အတူယှဉ်တွဲယှက်နွယ် ဒီဂျစ်တယ်ရပ်ဝန်းမှာရင်ဖွင့်မယ်” အစီအစဉ်ကနေတဆင့် ဖန်တီးမှုလက်ရာတွေကို တင်ဆက်ဖို့ ရှိတာကြောင့် စောင့်မျှော်နေကြပါဦးနော်။
ဒီအစီအစဉ်ကို Idea Lab ကပံ့ပိုးပေးပြီး Mya Yar အဖွဲသားများမှ ဦးဆောင်တင်ဆက်ထားပါတယ်။ Tanitharyi Gallery က Media Partnership အဖြစ်ပူးပေါင်းအားဖြည့်ပေးထားပါတယ်။




