ထားဝယ်ဒေသက ဖျားမီးကန်ပွဲ(မီးဖုန်းပွဲ)နဲ့ ထမနဲထိုးပွဲ
ဖျားမီးကန်ပွဲကိုကျင်းပရာမှာထင်ရှားတဲ့နေရာကတော့ ရှင်မုတ္ထီးရွာပါ။ရှင်မုတ္ထီးဘုရားအနီးကကွင်းပြင်မှာ တပို့တွဲလပြည့်နေ့ ညနေပိုင်းမှာစတင်ကျင်းပလေ့ရှိပါတယ်။
မှန်းနဲထိုးပွဲ (ထမနဲထိုးပြိုင်ပွဲ)ကြောင့်ရယ်၊ ရွှေသာလျောင်း(လောကသရဖူလျောင်းတော်မူ)မှာကျင်းပတဲ့ ဗုဒ္ဓပူဇနိယပွဲတော် ကြောင့်ရယ် အတော်လေးကိုစည်ကားခဲ့တာလို့ဆိုရမှာပါ။ ခုတော့လည်း အားလုံးတိတ်ဆိတ်သွားခဲ့ပါပြီ။










