အလွမ်းတွေနှင့် ခြေလှမ်းများ

November 9, 2025,

မယ်လွင်

ဘက်ပေါင်းစုံမှ ကြပ်တည်းခက်ခဲနေတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတဲ့ တနင်္သာရီတိုင်းအတွင်းမှ လူငယ်များဟာ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကုစားမှုများအတွက် လုံခြုံ စိတ်ချရတဲ့ ဒီဂျစ်တယ်ရပ်ဝန်းတစ်ခုကို ဖန်တီးပုံဖော်ခဲ့ပါတယ်။

အဲဒီ ဒီဂျစ်တယ်ရပ်ဝန်းကနေဆင့် လွတ်လပ်ပွင့်လင်းတဲ့ဆွေးနွေးမှုတွေနဲ့အတူ သူတို့ရဲ့ ကြံ့ကြံ့ခံနိုင်မှုနဲ့ ကုစားမှုများရဲ့ သရုပ်ဖော်အဖြစ် တီထွင်ဖန်တီးမှုနဲ့ အနုပညာလက်ရာတွေကို ဖွင့်ဟတင်ဆက်ဖိတ်ခေါ်ဖို့ မျှော်လင့်ခဲ့ကြပါတယ်။

ပထမရက်သတ္တပတ်မှာတော့ လူငယ်တွေရဲ့တွေ့ဆုံမှုမှာ “တမ်းတတအလွမ်း”အကြောင်းကို လွတ်လွတ်လပ်လပ်ဆွေးနွေးခဲ့ပြီး ခံစားချက်တွေကို စကားပြေ၊ ကဗျာတွေအဖြစ် ပြောင်းလဲဖန်တီးခဲ့ကြပါတယ်။

ဒီတစ်ခေါက်မှုတော့ ထားဝယ်အခြေစိုက် လူငယ်တစ်ယောက်ဖြစ်တဲ့ မယ်လွင် က သူရဲ့ကိုယ်တိုင်အတွေ့အကြုံကနေတဆင့် အတိတ်ဖြစ်ရပ်တစ်ခုကိုတမ်းတလွမ်းဆွတ်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။

နားဆင်သူ သောတဆင်တွေကလည်း “အလွမ်း” ကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုကြမလဲ၊ အခုအခြေအနေမှာ ဘယ်အရာတွေကိုလွမ်းပါသလဲ၊ ဘယ်လိုဖြစ်ရပ်မျိုးကို တမ်းတမိသလဲ ဆိုတာတွေကိုလည်း အောက်ကကောမန့်မှာ ရင်ဖွင့်သွားလိုရပါတယ်နော်။

နောက်ထပ်လည်း “အတူယှဉ်တွဲယှက်နွယ် ဒီဂျစ်တယ်ရပ်ဝန်းမှာရင်ဖွင့်မယ်” အစီအစဉ်ကနေတဆင့် ဖန်တီးမှုလက်ရာတွေကို တင်ဆက်ဖို့ရှိတာကြောင့် စောင့်မျှော်ပေးကြပါဦးနော်။

ဒီအစီအစဉ်ကို Idea Lab ကပံ့ပိုးပေးပြီး Mya Yar အဖွဲ့သားများမှ ဦးဆောင်တင်ဆက်ထားပါတယ်။ Tanitharyi Gallery က Media Partnership အဖြစ်ပူးပေါင်းအားဖြည့်ပေးထားပါတယ်။