၃ နှစ်ပြည့် အမှတ်တရ စကား
Tanintharyi Gallery တည်ထောင်ထားတာ ၃ နှစ်ပြည့်ပါပြီ။
တနင်္သာရီဒေသအတွင်းရှိ လူမျိုးစုတွေရဲ့ သမိုင်း၊ အနုပညာ၊ ယဥ်ကျေးမှု၊ လူမှုဘဝ ဝိသေသ လက္ခဏာတွေကို ဖော်ထုတ် မှတ်တမ်းတင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ Tanintharyi Gallery ကို စတင်ခဲ့ပါတယ်။
ဒေသတွင်းရှိ သက်ဆိုင်ရာ လူမျိုးစုတွေရဲ့ ပါ၀င်ပူးပေါင်းမှုနဲ့ လူမျိုးစုအသီးသီးရဲ့ အမှတ်သရုပ်လက္ခဏာတွေကို ရုပ်လုံးဖော်နိုင်ဖို့အတွက် အထောက်အကူဖြစ်တဲ့ အစီအစဥ်တွေကို အစဥ်တစိုက် လုပ်ဆောင်လျက် ရှိပါတယ်။
လူမျိုးစု တခုချင်းစီက မိမိတို့အပြင် အတူနေ လူမျိုးစုတွေ့ရဲ့ ဖြစ်တည်မှုနှင့် လာရာဇစ်မြစ်ကို နားလည်ခြင်းမှာ လူမှုသဟဇာတဖြစ်မှုရဲ့ အခြေခံ ဖြစ်တယ်ဟု Tanintharyi Gallery က ယုံကြည်ပါတယ်။
ဒီယုံကြည်ချက်တွေကို အကောင်ထည်ဖော် လုပ်ဆောင်လာခဲ့တာ အခုဆိုရင် ၃ နှစ်ပြည့်ပါပြီ။
အဖွဲ့ရဲ့ တာဝန်ကိုယ်စီ ထမ်းဆောင်နေကြတဲ့ စေတနာဝန်ထမ်းများ၊ လစဥ် အဖွဲ့၀င်ကြေး ထည့်ဝင်ပေးကြသူများ၊ စာမူ ရေးသားပေးကြသူများ၊ အဖွဲ့က စီစဉ်ကျင်းပတဲ့ ပြပွဲ၊ ပြိုင်ပွဲတွေမှာ ဝင်ရောက် ပူးပေါင်းပေးကြသူများ၊ အဖက်ဖက်မှ ဝိုင်းဝန်းကူညီပေးကြသူများ၊ အချက်အလက်များ ဝေငှပေးကြသူများနှင့် ကာယအား ဉာဏအားဖြင့် ကူညီပေးကြတဲ့ မိတ်ဆွေတွေကို အထူးကျေးဇူးတင်လျက် ရှိပါတယ်။
ချစ်ခြင်းမေတ္တာကို အခြေခံကာ ဒေသအကျိုး၊ နိုင်ငံအကျိုးကို တတ်နိုင်သလောက် ဝိုင်းဝန်းလုပ်ဆောင်ခြင်းဖြင့် ငြိမ်းချမ်းသာယာတဲ့ နေ့ရက်တွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ Tanintharyi Gallery အဖွဲ့သားများက ဆန္ဒပြုလိုက်ပါတယ်။
ချစ်ခြင်းအားဖြင့်
Tanintharyi Gallery




