ကပ္ပလီပင်လယ်ထဲက ဘဝများ
ထားဝယ်အပါအဝင် တနင်္သာရီဒေသဟာ သဘာဝရဲ့ လက်ဆောင်ဖြစ်တဲ့ တောတောင်၊ ရေမြေ၊ မြစ်ချောင်းတွေအပြင် လှပပြီး သဘာဝသယံဇာတပေါကြွယ်ဝတဲ့ ပင်လယ်ကမ်းရိုးတန်းကိုပါ ပိုင်ဆိုင်ထားပါတယ်။
ထားဝယ်မြို့ရဲ့ အနောက်ဘက်မှာရှိတဲ့ ကမ်းရိုးတန်းတလျှောက် ကမ်းခြေတွေနဲ့ ကမ်းလွန် ကပ္ပလီပင်လယ်ပြင်ကြီးဟာ ဒေသရဲ့ လူမှုဘ၀ဖွံ့ဖြိုးရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါ၀င်နေသလို၊ ဒေသသားတွေရဲ့ စိတ်၀ိဥာဥ်မှာ ကိန်းနေတဲ့ အလှတရားတွေလည်း ဖြစ်ပါတယ်။
အခြေအနေ အမျိုးမျိုးကြောင့် အဝေးရောက်နေတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ၊ ဒေသသူ/သားတွေ အလွမ်းပြေစေဖို့၊ ဆင်ခြင်တွေးဆစရာရဖို့အတွက် ရည်ရွယ်ချက်နဲ့လုပ်နေတဲ့ “အလွမ်းပြေ” အစီအစဥ်ကနေ Bon ရိုက်ကူးပေးပို့လာတဲ့ ဓာတ်ပုံတွေကို ဖော်ပြလိုက်ပါတယ်။







