လောကသရဖူ လျောင်းတော်မူ ဘုရား

October 7, 2025,

ရွှေသာလျောင်းလို့ ထားဝယ်ဒေသသားတွေခေါ်ကြတဲ့ လောကသရဖူ လျောင်းတော်မူ ဘုရားဟာ ထားဝယ်မြို့ကနေ အရှေ့တောင်ဘက် လေးမိုင်အကွာ ၊ စပါးတောင်ခြေရင်း အလယ်ကုန်းရွာမှာ တည်ရှိပါတယ်။

၁၉၃၁ ခုနှစ်မှာ အုတ်မြစ်ချပြီး ၁၉၄၀ ခုနှစ်မှာ အပြီးသတ် အချောကိုင်နိုင်ခဲ့ပါတယ်။

၁၉၅၇ ခုနှစ်မှာ သံတန်ဆောင်းလုပ်ငန်းများ အပြီးသတ်ဆောင်ရွက်နိုင်ခဲ့တယ်လို့ မှတ်သားရဖူးပါတယ်။

ဘုရားရဲ့ ရောင်လျှံတော်ထိပ်ကနေ ခြေဖျားတော်အထိ ၁၆၂ တောင်ရှိတယ်လို့ သိရပါတယ်။

လျောင်းတော်မူ ဘုရားပွဲတော်ကိုတော့ နှစ်စဉ် တပို့တွဲလမှာကျင်းပလေ့ရှိပါတယ်။