ကလုံးထာလွမ်းချင်း

December 6, 2025,

Hamza

ခံနိုင်ရည်ရှိမှု၊ သန်မာမှုတွေရဲ့ ပြယုဂ်တစ်ခုဖြစ်တဲ့ “ကမ္ဘာတည်သရွေ့တည်တံ့နေမယ်” ဆန္ဒရှိကြတဲ့ တနင်္သာရီတိုင်းထဲက ရွာတစ်ရွာအကြောင်းကို မျှဝေပေးချင်ပါတယ်။

တနင်္သာရီတိုင်းက လူငယ်တစ်ဦးဖြစ်တဲ့ Hamza က သူကိုယ်တိုင်သွားရောက်လည်ပတ်ခဲ့ဖူးတဲ့ ကလုံးထာရွာအကြောင်းကို “ကလုံးထာလွမ်းချင်း” ဆိုပြီး လွမ်းမောဖွယ်တင်ဆက်ထားတာကို ခံစားနားဆင်လိုက်ရအောင်နော်။

“တမ်းတမ်းတတအလွမ်း” ဆိုတဲ့ခေါင်းစဉ်အောက် လူငယ်တွေဟာ သူတို့နှစ်သစ်မြတ်နိုးရတဲ့ နေရာတွေအကြောင်းကိုလည်း လွမ်းမောဖွယ်ဖြစ်ရုံမက မျှော်လင့်ချက်တွေ၊ သန်မာမှုတွေ ဖွင့်ဟခဲ့ကြတာပါ။

နားဆင်သူသောတရှင်တွေအနေနဲ့လည်း အခုချိန်မှာ ပြန်လည်တမ်းတလွမ်းဆွတ်ရမယ့် နေရာတစ်နေရာဆိုရင် ဘာတွေများဖြစ်မလဲ။

ကိုယ့်ရဲ့လွမ်းစရာနေရာတွေအကြောင်းကိုလည်း အောက်ကကောမန့်မှာ မျှဝေသွားလို့ရပါတယ်နော်။

ဘက်ပေါင်းစုံမှ ကြပ်တည်းခက်ခဲနေတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတဲ့ တနင်္သာရီတိုင်းအတွင်းမှ လူငယ်များဟာ သူတို့ ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကုစားမှုများအတွက် လုံခြုံ စိတ်ချရတဲ့ ဒီဂျစ်တယ်ရပ်ဝန်းတစ်ခုကို ဖန်တီးပုံဖော်ခဲ့ပါတယ်။

အဲဒီ့ ဒီဂျစ်တယ်ရပ်ဝန်းကနေဆင့် လွတ်လပ်ပွင့်လင်းတဲ့ဆွေးနွေးမှုတွေနဲ့အတူ သူတိုရဲ့ ကြံ့ကြံ့ခံနိုင်မှုနဲ့ ကုစားမှုများ၏ သရုပ် အဖြစ် တီထွင်ဖန်တီးမှုနဲ့ အနုပညာလက်ရာတွေကို ဖွင့်ဟ တင်ဆက် ဖိတ်ခေါဖို့ မျှော်လင့်ခဲ့ကြပါတယ်။

ဒီ “အတူယှဉ်တွဲယှက်နွယ် ဒီဂျစ်တယ်ရပ်ဝန်းမှာရင်ဖွင့်မယ်” အစီအစဉ်ကနေတဆင့် ဖန်တီးမှုလက်ရာတွေကို တင်ဆက်ဖို့ ရှိတာကြောင့် စောင့်မျှော်နေကြပါဦးနော်။

ဒီအစီအစဉ်ကို Idea Lab ကပံ့ပိုးပေးပြီး Mya Yar အဖွဲသားများမှ ဦးဆောင်တင်ဆက်ထားပါတယ်။ Tanitharyi Gallery က Media Partnership အဖြစ်ပူးပေါင်းအားဖြည့်ပေးထားပါတယ်။