Tanintharyi Gallery ပရိသတ်အတွက် စာအုပ်သတင်းလေးပေးပါရစေ။
လူငယ်ပန်းချီဆရာ အောင်ကျော်မျိုးရဲ့ ” ကိုလိုနီခေတ် ထားဝယ်မြို့မှရှေးဟောင်းအဆောက်အဦများ ” လို့အမည်ပေးထားတဲ့ ပန်းချီ Collection စာအုပ်တစ်အုပ် ထွက်ဖို့ရှိနေပါတယ်။
အဲဒီစာအုပ်မှာသူရေးဆွဲခဲ့တဲ့ထားဝယ်မြို့ကရှေးဟောင်းအိမ်နဲ့ အဆောက်အဦတွေကို တစ်စုတစ်စည်းတည်းဖော်ပြထားပါတယ်။
ပန်းချီကားပေါင်း ၁၁၇ ပုံကို Art Paper A4 ဆိုဒ် ကြွေစက္ကူနဲ့ရောင်စုံရိုက်နှိပ်ထားပြီးစာမျက်နှာ ၁၃၀ကျော်လို့ဆိုပါတယ်။
သြဂုတ်လလယ်လောက်မှာ ကျင်းပမယ့် ပန်းချီပြပွဲနဲ့အတူ စာအုပ်မိတ်ဆက်ပွဲကိုပါ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ စာအုပ်တန်ဖိုးက ၁၈၀၀၀ကျပ်ပါတဲ့။
ဒီစာအုပ်ကို ထားဝယ်ခရိုင်ပန်းချီပန်းပုအစည်းအရုံးက ထုတ်ဝေပါတယ်။




