Tanintharyi Gallery ရဲ့ YouTube Collaboration Program

September 4, 2026,

Tanintharyi Gallery

တနင်္သာရီဒေသရဲ့ သမိုင်း၊ အနုပညာ၊ ယဉ်ကျေးမှု၊ လူမှုဘဝနဲ့ သက်ဆိုင်တဲ့ မှတ်တမ်းမှတ်ရာတွေကို ရှာဖွေစုစည်းပြီး အတူတကွ တင်ဆက်နိုင်ဖို့ Tanintharyi Gallery ရဲ့ YouTube Collaboration Program မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုပါတယ်။

ဒီအစီအစဉ်ဟာ Tanintharyi Gallery က အကောင်အထည်ဖော်လုပ်ဆောင်နေတဲ့ Tanintharyi Archive (တနင်္သာရီမော်ကွန်းတိုက်) အစီအစဉ်ရဲ့ လုပ်ငန်းစဉ်တစ်ခုအဖြစ် ဆောင်ရွက်တာ ဖြစ်ပါတယ်။

ဖန်တီးထားတဲ့ အကြောင်းအရာတွေကို Tanintharyi Gallery YouTube Channel ကနေ Collaboration အဖြစ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Video တစ်ခုချင်းစီမှာ မူရင်းဖန်တီးသူ/ပိုင်ရှင်က Host အဖြစ် ပါဝင်ပြီး၊ Tanintharyi Gallery က Collaborator အဖြစ် ပါဝင်တင်ဆက်သွားမှာ ဖြစ်ပါတယ်။ မူရင်းဖန်တီးသူရဲ့ Video ပိုင်ဆိုင်မှုတွေကို မူရင်းအတိုင်း အသိအမှတ်ပြုထားမှာ ဖြစ်ပါတယ်။

Collaboration အဖြစ် လက်ခံမည့် အကြောင်းအရာများ –

– တနင်္သာရီဒေသနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာ ဖြစ်ရမယ်။

– သမိုင်း၊ အနုပညာ၊ ယဉ်ကျေးမှု၊ လူမှုဘဝနဲ့ ဆက်စပ်တဲ့ အကြောင်းအရာ ဖြစ်ရမယ်။

– ဒေသအတွက် အကျိုးရှိပြီး မှတ်တမ်းတင်၊ မျှဝေသင့်တဲ့ အကြောင်းအရာ ဖြစ်ရမယ်။

အထက်ပါအကြောင်းအရာတွေနဲ့ ကိုက်ညီတဲ့ Video တွေကို Tanintharyi Gallery နဲ့ ပူးပေါင်းပြီး YouTube Channel မှာ Collaboration အဖြစ် တင်ဆက်နိုင်ပါတယ်။

တနင်္သာရီဒေသနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို တစ်နေရာတည်းမှာ စုစည်းပြီး လေ့လာနိုင်ဖို့၊ မှတ်တမ်းတင်ထားနိုင်ဖို့နဲ့ ရည်ရွယ်ချက်တူ ဖန်တီးမှုတွေကို အတူတကွ မျှဝေနိုင်ဖို့ ဒီ YouTube Collaboration Program ကို ပြုလုပ်ခြင်း ဖြစ်ပါတယ်။

ပါဝင်ပေးပို့လိုပါက

Email: tanintharyigallery@gmail.com

Messenger: m.me/tanintharyigallery

တို့မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။

တနင်္သာရီဒေသရဲ့ အကြောင်းအရာတွေကို အတူတကွ မှတ်တမ်းတင်ကြရအောင်။

ချစ်ခြင်းအားဖြင့်၊

Tanintharyi Gallery