ဒေသိယ တေးကဗျာ စာမူ အလှူခံခြင်း
တနင်္သာရီဒေသ ဒေသိယ တေးကဗျာများ စာအုပ်ထုတ်ရန် Tanintharyi Gallery မှာ စီစဉ်နေပါသည်။ ထားဝယ်၊ မြိတ် ၊တနင်္သာရီ၊ မော်ကင်း ဘာသာစကား စသည့်တို့၏ ဒေသိယစကားဖြင့် ရေးထားသော တေးကဗျာများ စုပေါင်းပြီး စာအုပ်ထုတ်ရန် ဖြစ်သည်။
နောင်တစ်ချိန် တနင်္သာရီဒေသ သမိုင်းအတွက် တစ်စုံတစ်ရာ အထောက်အပံ့ဖြစ်မည့် ဒေသိယစကား ဖွံ့ဖြိုးရေးအတွက် ဆွေးနွေးငြင်းခုံကြရန် ရည်ရွယ်ပါသည်။
ထိုစာအုပ်ကို Tanintharyi Gallery ၏ ၃ နှစ်ပြည့် နှစ်ပတ်လည် အမှတ်တရအဖြစ် ရန်ပုံငွေရှာဖွေရန်အတွက် ဖြန့်ဝေမည် ဖြစ်သည်။
စာမူများကို ဒီဇင်ဘာလ ၂၅ ရက်၊ ၂၀၂၅ ခုနှစ် နောက်ဆုံး ပေးပို့ရပါမည်။
စာမူများ ပေးပို့လိုပါက –
Email: tanintharyigallery@gmail.com
Messenger: m.me/tanintharyigallery
Telegram : https://t.me/tgallery23




