Community Coordinator (စေတနာ့ဝန်ထမ်း) ခေါ်ယူခြင်း

March 2, 2026,

Tanintharyi Gallery

Tanintharyi Gallery ကို တနင်္သာရီဒေသ၏ သမိုင်း၊ အနုပညာ၊ ယဥ်ကျေးမှု၊ လူမှုဘဝနှင့် သက်ဆိုင်သည့် မှတ်တမ်းများကို ရှာဖွေစုစည်းခြင်း၊ တင်ဆက်ရန် ရည်ရွယ်ချက်ဖြင့် ဇန်နဝါရီလ ၂၀၂၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လူမျိုးစုအသီးသီး၏ အမှတ်သရုပ်လက္ခဏာများကို ပိုမို ရုပ်လုံးဖော်နိုင်ရန် အထောက်အကူပြုမည့် အစီအစဉ်များကို စေတနာ့ဝန်ထမ်း အဖွဲ့၀င်များဖြင့် စုစည်း ထားသည့် အဖွဲ့အစည်းပုံစံဖြင့် စုဖွဲ့လုပ်ကိုင်နေပါသည်။

Tanintharyi Gallery ၏ ရှေ့ဆက်လုပ်ဆောင်မည့် စီမံကိန်းများနှင့် လူထုအခြေပြု လုပ်ငန်းများအတွက် Community Coordinator (စေတနာ့ဝန်ထမ်း) တစ်ဦးအား လေးစားစွာဖြင့် ဖိတ်ခေါ်ခန့်အပ်လိုပါသည်။

အဓိကတာဝန်ယူဆောင်ရွက်ရမည့် အချက်များ

တနင်္သာရီဒေသ၏ သမိုင်း၊ အနုပညာ၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ မှတ်တမ်းများကို ဒေသခံလူထု ပူးပေါင်းပါဝင်မှုဖြင့် ဖော်ထုတ်မှတ်တမ်းတင်ရာတွင် ကူညီဆောင်ရွက်ရန်။

သမိုင်း စာပေ ယဥ်ကျေးမှု အနုပညာရှင်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဒေသခံများ နှင့် ထိရောက်စွာ ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်။

ရန်ပုံငွေရှာဖွေခြင်းလုပ်ငန်းများကို စနစ်တကျ စီစဉ်ဆောင်ရွက်ရန်။

လိုအပ်သော အရည်အချင်းများ

တနင်္သာရီဒေသ၏ သမိုင်း၊ စာပေ အနုပညာ၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များကို စိတ်ပါဝင်စားမှုရှိပြီး ဒေသခံတိုင်းရင်းသားလူမျိုးစုများ၏ အမှတ်သရုပ်ဓလေ့ထုံးထမ်းများကို လေးစားတန်ဖိုးထားသူ ဖြစ်ရမည်။

ပြောဆိုဆက်ဆံရေး ကျွမ်းကျင်ပြီး ဖော်ရွေစွာ စည်းရုံးပြောဆိုနိုင်စွမ်းရှိသူ ဖြစ်ရမည်။

လူမှုကွန်ရက် ပလက်ဖောင်းများ (Facebook, Messenger, Email စသည်)တို့ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ ဖြစ်ရမည်။

အဖွဲ့အစည်းစိတ်ဓာတ်ရှိပြီး အဖွဲ့နှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နိုင်သူ ဖြစ်ရမည်။

လျှောက်ထားရန် အချက်အလက်များ

Tanintharyi Gallery ဝိုင်းတော်သားများနှင့် စိတ်ဝင်စားပူးပေါင်းဆောင်ရွက် လိုသူများသည် ကိုယ်ရေးအကျဉ်း နှင့် စေတနာ့ဝန်ထမ်းအဖြစ် လုပ်ဆောင်လိုသည့် ရည်ရွယ်ချက်တို့ကို ၂၀၂၆ ခုနှစ် မတ်လ (၃၁) ရက်နေ့ နောက်ဆုံးထား၍ tanintharyigallery@gmail.com

အီးမေးလ်လိပ်စာသို့ ပေးပို့လျှောက်ထားနိုင်ပါကြောင်း လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။