ထားဝယ်တက္ကသိုလ် အလွမ်းပြေ

December 1, 2025,

ဘထက်ခိုင်

နုနယ်ပျိုမြစ်တဲ့ နှလုံးသားတွေ ဆုံစည်းခဲ့ကြတဲ့ ရပ်ဝန်း။ ရယ်မော ပျော်ရွှင် ရင်ခုန်လှုပ်ရှားခဲ့ရတဲ့ ရင်ခွင်။ အိပ်မက်တွေ ဖူးပွင့်လို့ အနာဂတ်ကို ထုဆစ်ခဲ့တဲ့ နေရာလေး။

ခုတော့ အသွင်အမျိုးမျိုးနဲ့ ဝေးကွာခဲ့ရ။ အတိတ်ခြေရာလေးတွေနဲ့ မက်ဖူးတဲ့ အိပ်မက်တွေကို လမ်းဆွတ်လို့။

ရင်ခုန်ခဲ့ဖူးတဲ့ သည်မြေ … လွမ်းတယ် … လွမ်းတယ် … ချစ်သောမြေ။

🖋️ဘထက်ခိုင်

အခြေအနေ အမျိုးမျိုးကြောင့် အဝေးရောက်နေတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ၊ ဒေသသူ/သားတွေ အလွမ်းပြေစေဖို့ အတွက်ရည်ရွယ်ချက်နဲ့လုပ်နေတဲ့ “အလွမ်းပြေ” အစီအစဥ်ကနေ ဘထက်ခိုင် ရိုက်ကူးပေးပို့လာတဲ့ ဓာတ်ပုံတွေကို ဖော်ပြလိုက်ပါတယ်။