ထားဝယ်တက္ကသိုလ် အလွမ်းပြေ | ရုပ်သံ
နုနယ်ပျိုမြစ်တဲ့ နှလုံးသားတွေ ဆုံစည်းခဲ့ကြတဲ့ ရပ်ဝန်း။
ရယ်မော ပျော်ရွှင် ရင်ခုန်လှုပ်ရှားခဲ့ရတဲ့ ရင်ခွင်။
အိပ်မက်တွေ ဖူးပွင့်လို့ အနာဂတ်ကို ထုဆစ်ခဲ့တဲ့ နေရာလေး။
ခုတော့ အသွင်အမျိုးမျိုးနဲ့ ဝေးကွာခဲ့ရ။
အတိတ်ခြေရာလေးတွေနဲ့ မက်ဖူးတဲ့ အိပ်မက်တွေကို လမ်းဆွတ်လို့။
ရင်ခုန်ခဲ့ဖူးတဲ့ သည်မြေ … လွမ်းတယ် … လွမ်းတယ် … ချစ်သောမြေ။
🖋️ဘထက်ခိုင်
အခြေအနေ အမျိုးမျိုးကြောင့် အဝေးရောက်နေတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ၊ ဒေသသူ/သားတွေ အလွမ်းပြေစေဖို့ အတွက်ရည်ရွယ်ချက်နဲ့လုပ်နေတဲ့ “အလွမ်းပြေ” အစီအစဥ်ကနေ ဘထက်ခိုင် ရိုက်ကူးပေးပို့လာတဲ့ ဓာတ်ပုံတွေကို ဖော်ပြလိုက်ပါတယ်။




